Village


မြန်မာပန်းချီမှတ်စုများ (၂)

(Art mintue in pansodan)

Aung Soe Min

Artist-Win Tint

Title-Village

Size-24″×30″

Medium-Acrylic on canvad

Year created-2019

ဆရာဝင်းတင့်ရဲ့ကျေလက်ကားလေးဖြစ်ပါတယ်။အပူရောင်အဝါရောင်သုံးထားတာက မြန်မာပြည်အလယ်ပိုင်းကျေးလက်တွေရဲ့အပူငွေ့ကြောင့်လားလို့ထင်စရာပါ။သက်ရှိသက်မဲ့အကြောင်းအရာတွေရောနှောထားတဲ့ဟန်ကအပူချိနိများတဲ့မြန်မာပြည်အလယ်ပိုင်းရွာတွေကို မြင်​ေယာင်စေပါတယ်။(ဆာဂျရယ်ကယ်လီ)ရဲ့ ပခုက္ကူ ဆိုတဲ့ပန်းချီကားလေးကိုမြင်ယောင်စေချင်ပါတယ်။အဝါထဲကအဝါကိုအသုံးပြုပြီး ဖုန်လုံးတွေနဲ့ ဆိပ်ကမ်းနဲ့သဘာဝကိုချက်ချင်းမြင်လာစေပါတယ်။ရွာဆိုတဲ့ပြပွဲလေးလုပ်ဖြစ်ရင်ထည့်သွင်းပြသဖို့စိတ်ကူးထားပါတယ်။

Floating Village

မြန်မာပန်းချီမှတ်စုများ (၁)

(Art mintue in pansodan)

Aung Soe Min

Artist-Han Tin Swe

Title-Floating Village

Size -36″×36″

Medium-Acrylic on canvas

Year created-2019

ကျေးလက်နဲ့ ပတ်သက်တဲ့ ပန်းချီကားလေးသုံးကားတင်ပေးလိုက်ပါတယ်။ပထမဆုံးအနေနဲ့ ဆရာဟန်တင်ဆွေကား ဖြစ်ပါတယ်။(Floating village) မိုး​ေပါ်ပျံတဲ့ရွာကလေးလို့အမည်ပေးထားသလိုတိမ်တိုက်ထဲမှာရှိနေတဲ့ရွာကလေးလို့မြင်နိုင်ပါတယ်။မြေစိုင်မြေခဲတွေကပြိုကျနေတဲ့ရွာကလေး စိတ်ကူးယဥ်မှာ ရှိနေတဲ့ရွာကလေးလိုပျောက်ကွယ်သွားမှာစိုးရိမ်နေမိတယ်။ရွာဆိုတဲ့အမည်နဲ့ပြပွဲလုပ်ဖို့စီစဥ်ထားပေမဲ့ မဖြစ်သေးပါဘူး။