Home

Welcome to your new site.

Welcome to your new site! You can edit this page by clicking on the Edit link. For more information about customizing your site check out http://learn.wordpress.com/

Latest from the Blog

Transparency

Aung Htoo: TransparencyOil on canvas, size 48″ x 60″, 1200 x 1500cmYear Created- 2013 မြန်မာပန်းချီမှတ်စု (၃၃) သူ့ပန်းချီကားတွေကြည့်တဲ့အခါ အမြဲ အံ့သြခြင်းနဲ့ ငေးမောနေရပါတယ်။ တိကျသေချာအောင်ရေးတဲ့နေရာမှာ သူရေးသလို ရေးဖို့မလွယ်ပါဘူး။ အထူးသဖြင့် သူ့ပန်ချီကားတွေဟာဆိုက်အကြီးကြီးတွေများပါတယ်။ ဖန်ခွက်တစ်ခုကို (၅) ပေဆိုဒ်လောက်ရေးပြတဲ့အခါမှာ အလိုလိုနေရင်း အချိုးပြောင်းလဲသွားပြီး ကြည့်ရှူ့သူကို ဖမ်းစားပါတော့တယ်။ တကယ်တော့သူဟာ ဒီပန်းချီကားတွေရေးဖို့ ဖန်ခွက်ကို ဆေးရည်တွေလောင်းချပြီး ဆေးရည်တွေရဲ့ စီးတွဲကျမှု ကြားခံအရည်ရောစပ်မှုမလုပ်ပဲ ပေါင်းစပ်သွားမှု တွေကို အမျိုးမျိုးလေ့လာပြီး ရေးတာပါ။ ဒါကြောင့် အင်စတော်လေးရှင်းလုပ်တာကအရင် ပန်းချီဆွဲတာကနောက် အဆင့်ဆင့် ရေးဆွဲတာ ဖြစ်ပါတယ်။ ဖန်သားတစ်ခုရဲ့ ကြည်လင်မှု အနားသတ်မျဥ်း၊ ရောင်ပြန် ၊အရိပ် စတာတွေကို…

Pas-de-deux

Aung Khaing: Pas-de-deuxAcrylic on canvas, size 30″ x 36″, 75 x 90cmYear Created- 2015 ဦအောင်ခိုင်ရဲ့ ပန်းချီဆရာ ဘဝဟာ ထူးခြားပါတယ်။ ငယ်စဥ်က ပန်းချီရေးတဲ့အခါ မော်ဒန်ဟန်ကိုရေးလို့ ပစ်ပါယ်ခံရပါတယ်။ ဆိုရှယ်လစ်ခေတ်မှာ တစ်ကိုယ်တော်ပြပွဲ ပြုလုပ်ဖို့ ကြိုးစားပေမဲ့ တစ်ပွဲလုံး အပါယ်ခံ အပိတ်ခံရတဲ့အပြင် ခေါ်ယူသတိပေးခြင်းပါခံရပါတယ်။ ပန်းချီကောင်စီ ဥက္ကဌဖြစ်တဲ့ ဦးမင်နိုင်က ပန်းချီပြပွဲကိုပိတ်ချင်ပိတ်ပါ လူကိုမပိတ်ပါနဲ့ နောင်ပြပွဲပြချင်တဲ့အခါ ထပ်ပြီးကြိုးစားခွင့်ပေးပါလို့ ပန်းချီဆရာချင်းစာနာပြီ မေတ္တာရပ်ခံခဲ့ရပါတယ်။ (၂၀၀၀)ခုနှစ်ကျော်တော့မှ သူရဲ့လက်ရာတွေကို ပြန်လည်ပြသခွင့်ရပါတယ်။ (၂၀၁၂) နောက်ပိုင်းတိုင်းပြည်ပွင့်လင်းလာတော့ ပန်းချီချစ်သူ၊ စုဆောင်းသူတွေက သူရဲ့လက်ရာတွေကို ကြိုဆိုခဲ့ကြပါတယ်။ အသက်အရွယ်ရရှိလာပြီ ဖြစ်ပေမဲ့ သူ့ရဲ့ရေးအားက ကြောက်စရာကောင်းလောက်အောင် အတိုးချ ပြီးရေးပါတယ်။ တကယ်တော့သူဟာ…

ThuNgeDaw (Nat)

Soe Naing: ThuNgeDaw (Nat) Acrylic on Canvas, 24″ × 36″ Year Created- 2017 ကိုစိုးနိုင်ရဲ့ ပန်းချီကားတွေမကြည့်ခင် သူရဲ့ စကက်ချ်တွေကိုကြည့်မိရင် သူရဲ့ပန်းချီကားကို နာလည်ရတာ ပိုကောင်းတယ်လို့ထင်ပါတယ်။ ပန်းချီကားပေါင်းများစွာ အဆက်မ​​​​ပြတ်ရေးဆွဲခဲ့သလို ပန်းချီပြပွဲများစွာ ပြုလုပ်ခဲ့သူဖြစ်ပါတယ်။ သူဟာ တက္ကသိုလ်မှာတုန်းက သတ္တဗေဒကိုလေ့လာခဲ့တဲ့အတွက် အမျိုးအမည်မသိတဲ့အကောင်လေးတွေ သူစိတ်ထဲမှာစွဲနေပုံရပါတယ်။ မှင်ခြစ်ပုံကျမ်းတွေ ရေးဆွဲတဲ့အခါမှာ စာမျက်နှာ (၅၀၀) ပါစက္ကူတစ်ထုပ်ကို တထိုင်ထည်း ရေးခြစ်တက်ပါတယ်။ (၁၉၉၀) ဝန်ကျင်မှာ (Automaticism) အလိုအလျောက်ဝါဒဆိုတဲ့ စကားလုံး တစ်လုံကို ပန်းချီခင်ဝမ်းနဲ့တွဲပြီး ဖန်တီးခဲ့ပါတယ်။ ပုံကြမ်းတွေ ရေးရင်း သူရဲ့လက်က လက်သားကြအောင် ပန်းချီရေးတဲ့အခါ စုတ်ချက်တွေရဲ့ ရစ်သမ်က ခံစားချက်အားပါပြီး သေချာလှပါတယ်။ အဲ့ဒါတွေက စိုးနိုင်ရဲ့…

Get new content delivered directly to your inbox.

%d bloggers like this: