
Thet Nyunt, Village
Watercolour on Paper, size-15″×10″
Year created-2001
ပန်းချီဆရာကြီး ဦးသက်ညွန့်ရဲ့ပန်းချီကားဖြစ်ပါတယ်။ဆရာကြီးဦးသက်ညွန့်ဟာ သက်တော်ရှည်ပန်းချီဆရာကြီးဖြစ်သလို မြန်မာပန်းချီလောက သို့ဘက်ပေါင်းစုံးက ရှေ့ဆောင်ရှေ့ရွက်ပြုခဲ့သူတစ်ဦးဖြစ်ပါတယ်။ရေဆေးစက္ကူရှားပါးတုန်းက ရေဆေးစက္ကူကိုကိုယ်တိုင်ဖန်တီးခဲ့တယ်။(Acrylic)ဆေးကို ကိုယ်တိုင်တီထွင်ခဲ့ပါတယ်။ ခရုလေးတွေကနုကမာလေးတွေ ဆင်ယင်ထားတဲ့ ပန်းချီကားသေးတွေဖန်တီးပြီးစျေးကွက်တစ်ခုကို ခေါ်ဆောင်ကာ လူအများအလုပ်ရအောင် ကြိုးပမ်းပေးသူပဲဖြစ်ပါတယ်။ရေဆေးကားပေါင်းသောင်းနဲ့ချီရေးဆွဲခဲ့ပါတယ်္။ဒီကားမှာ ဘုရားပုထိုး၊ကျောင်း၊ဇရပ်၊ရေကန်၊ရေချမ်းစင် စတဲ့ကျေးလက်ရဲ့ အဂ်ါရပ်တွေကိုစုံလင်အောင်ဖော်ပြထားပါတယ်။တကယ်ရေးြပချင်တာက သစ်ပင်ကြီးမှာကပ်နေတဲ့ ကပ်ပါးပင်တွေဖြစ်ပါတယ်။အဲ့ဒီကပ်ပါးပင်တွေရှိနေတာကပဲ သဘာဝတရာကြီးဟာအနှောက်အယှက်အဖျက်အစီးမခံရသေးဘူးဆိုတဲ့သဘောကိုမြင်နိုင်ပါတယ်။ရိုးသလိုလိုနဲ့ မရုိးနိုင်တဲ့ကားပါ။ဆရာကြီးက ကိုမင်းကိုနိုင်ရဲ့ဖခင်ဖြစ်ပါတယ်။
မြန်မာပန်းချီမှတ်စုများ (၁၀)