A House in the Village

Po Shaar: A House in the Village

Acrylic On Canvas, size-72″×30″

Year created-2010

ပန်းချီဖိုး​သျှာ​းရဲ့ ေကျးလက်အိမ်ကလေး ဖြစ်ပါတယ်။၂၀၂၀မှာကွယ်လွန်သွားရှာတဲ့ ဆရာဖိုး​သျှားရဲ့ အံ့​ြသ​ဖွယ်လက်ရာတစ်ခုဖြစ်ပါတယ်။ ရွာမှာချမ်းသာတဲ့တောင်သူကြီးတစ်ယောက်ရဲ့အိမ်ဖြစ်ပုံရပါတယ်။ရွာဓလေ့အတိုင်း နှစ်ထပ်အိမ်မှာ အိမ်အောက်ကိုဟင်းလင်းထားပြီး နွားနှစ်ကောင်းကိုလည်းထားထားတယ်။ အေးအေးလူလူနားနေဖို့တန်းလျားတစ်လုံးလဲပါတယ်။တစ်အိမ်နဲ့တစ်အိမ်ဆက်သွယ်တဲ့အိမ်နောက်ဖေးတံခါးလေးလည်းရှိတယ်။အဲ့ဒီတံခါးက ကျနေတဲ့အလင်းရောင်ကလေးတွေက ပန်းချီကားရဲ့အကွာအဝေးအနက်အရှိုင်းကိုပေါ်လွင်စေပြီး အဝေးဆုံးကအလင်းကိုဖမ်းထားတယ်။ဒီပန်းချီကားမှာအသေးစိတ်ကြည့်စရာတွေအများကြီးရှိပါတယ်။ကျီးလန့်စာစာဖြစ်နေတဲ့ ကျီးကန်းလေးလဲပါတယ်။အလင်အမှုန်အစက်အပျောက်တွေနဲ့ရေးဆွဲနည်းကို တစ်သက်လုံးခုံမင်စွာရေးသွားတဲ့ဆရာဖိုးသျှားရဲ့ ပြောင်မြောက်တဲ့လက်ရာပါ။ကြည့်မိတိုင်းငေးနေရတဲ့ပန်းချီကားတစ်ချက်ပါ။၂၀၂၀ရဲ့ဆုံးရှုံးမှုတွေထဲမှာဆရာဖိုးသျှားလဲပါပါရဲ့။

မြန်မာပန်းချီမှတ်စုများ (၄)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: