မြန်မာပန်းချီမှတ်စုများ (၅)
(Art mintue in pansodan)
Aung Soe Min
Artist -Chan Nyein Kyaw
Title-Palm Tree in the Field
Size-12″×12″
Medium -Acrylic On Canvas
Year Created-2004

ပန်းချီကားလေးက သေးပေမဲ့အညာကျေးလက်ရဲ့ ထန်းတောတွေကို တမဟုတ်ချင်းမြင်ယောင်စေတဲ့ ပန်းချီကားလေးတစ်ချပ်ပါ။အလင်းပြင်အကွက်တွေထဲမှာ ဂျီြသမေြတီဆန်ဆန်ဖွဲ့စည်းထားတဲ့ ထန်းပင်တွေ၊ဘုန်းကြီးနဲ့ဘုန်းကြီးကျောင်းသားတွေဟာ ပန်းချီကားကိုတည်ငြိမ်မှုနဲ့အသက်ဝင်မှုနှစ်ခုစလုံးကို ပေးပါတယ်။အဝါရောင် ယာတောထဲကတဲကလေးကလည်း သဘာဝကျကျ ဖွဲ့စည်းမှုကိုအားဖြည့်ထားပါတယ်။လိုက်ဖက်အရောင်တွေနဲ့ဆန့်ကျင်ဘက်အရောင်တွေကို တွဲစပ်ထားပုံတွေကချမ်းငြိမ်းကျော်ရဲ့ ဟန်တစ်ခုဖြစ်ပါတယ်။