The Village

U Ohn Tin: The Village

Poster Colour on Paper, size-10″×7″

Year Created-1970’s

ရိုးရှင်းတဲ့ကျေးရွာပန်းချီကားလေးတစ်ချပ်ပါပဲ။ မိုးလွန်ပြီးစ ဆည်းဆာချိန်တစ်ခုပါ။ပိုစတာကာလာနဲ့ရေးဆွဲထားတာဖြစ်ပြီး ကျေးလက်ရဲ့ ငြိမ်းချမ်းမှုပသာဒကိုမြောက်အောင် ရေးဆွဲထားတာဖြစ်ပါတယ်။ကောက်ရိုးပုံကိုအမိုးလေးမိုးပြီးထည့်ထားတာက စပါးတစ်ချို့ရိတ်သိမ်းပြီးပြီလို့ထင်ရပါတယ်။ရေစက်စက်တွေလဲထည့်ထားပြီး မြန်မာပြည်အောက်ပိုင်းရဲ့ ရွာတစ်ရွာ ဖြစ်မှာပါ။ဒီလိုကားလေးတွေကိုတစ်ချိန်ကအိမ်တော်တော်များများမှာအလှချိတ်လေ့ရှိပါတယ်။ရိုးပေမဲ့ အရောင်အထားအသိုကောင်းတယ်။ ရိုမန်တစ်ဆန်ဆန် ပြန်လွမ်းချင်စရာပါ။ဦးအုန်းတင်ဟာ တစ်ချိန်က စာပေဗိမာန်မှာ သရုပ်ဖော်ပုံတွေနဲ့ ရုပ်ပြတွေ ရေးခဲ့ဖူးပါတယ်။

မြန်မာပန်းချီမှတ်စုများ (၈)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: