Village and City

Eain Aye Kyaw: Village and City

Acrylic On Canvas, size-36″×24″

Year created

ဒီဇိုင်ဆန်ဆန်ရေးဆွဲထားတဲ့ အိမ်အေးကျော်ရဲ့လက်ရာပါ။ လက်ရာအကောင်းဆုံးအချိန်မှာကွယ်လွန်သွားလို့ အလွန်နှမျော ပါတယ်။အလင်းတွေကို(repitation)လုပ်တက်လို့ဘယ်အကြောင်းအရာကိုပဲဆွဲဆွဲသူကားတွေကထူးခြားပါတယ်။ပရိတ်သတ်လဲအလွန်ကြိုက်ပါတယ်။ဒီကားမှာတော့ကျေးလက်နဲ့မြို့ပြကို စဥ်စားစရာဖြစ်အောင် ခပ်ရှင်းရှင်းနိှုင်းယှဥ်ထားပါတယ်။ဖြူ၊နီကျား ကန့်လန့်ဖြတ်ထားတာက နယ်နမိတ်သတ်မှတ်ပေးထားသလိုဖြစ်နေပြီး ကျေးရွာရဲ့ အမှတ်သညာတွေဖြစ်တဲ့ လောက်လေး၊တံဇဥ်၊ လှည်းဘိန်းတွေကို သီးခြားဖြစ်အောင်(Icon)အိုင်ကွန်ဖြစ်အောင်ဖွဲ့စည်းထားပါတယ်။မြို့ပြဘက်ခြမ်းမှာတော့ တီရှပ်ရယ်္၊ကားရယ်၊တိုက်စတဲ့အမှတ်သညာတွေပြထားတယ်။တီရှပ်ပေါ်မှာရေးထားတာက (We are the world)တို့ဟာကမ္ဘာသူ၊ကမ္ဘာသားပါဆိုတဲ့စာလေးပါတယ်။အေးချမ်းမှုကိုလိုချင်တဲ့သဘောပါပဲ။ နယ်ခြားထားပေမဲ့ အလယ်မှာပေါက်နေတဲ့ငှက်ပျောပင်ကြီးကတော့ ဘုံလက္ခဏာလို့ယူဆရမယ်။ဒီကားကိုငြိမ်းချမ်းရေးပွဲတော် ပန်းချီပြပွဲအတွက်ရေးဆွဲသွားတာပါ။တဖြည်းဖြည်းနဲ့နှစ်ချိုက်လာတဲ့ကားပါ။တိုးတက်မှုလို့ပြထားတဲ့ဘက်မှာတော့ ကျေးရွာမှာစိတ်ပုတီးနှင့်မြို့ပြဘက်ကအရက်ပုလင်းကလဲနှိုင်းယှဥ်စရာပင်ဖြစ်ပါတယ်။သူထည့်ပြီးရေးနေကျ တံတားလေးတစ်စင်းကတော့ ဘယ်ကိုဦးတည်မှန်းမသိတဲ့ ပဟေဠိ တစ်ခုကိုချန်ထားသလိုပါပဲ။

မြန်မာပန်းချီမှတ်စုများ (၇)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: