မြန်မာပန်းချီမှတ်စုများ(၂၆)
Art minute in Pansodan
Aung Soe Min
Artist- Co Thiee
Medium- Acrylic On Canvas
Size- 18″×24″
Title-
Year Created- 2012

ကိုသီးရဲ့ ပန်းချီကားကို ကြည့်ရင်း ဟိုးတုန်းကအညာပြန်တဲ့အခါ ညဘက် ကားမီးရောင်ထိုးရင် လမ်းဘေးမှာ လင်းကနဲ လင်းကနဲ့ တရိပ်ရိပ်ဖြတ်သန်းရတဲ့ ထနောင်းပင်တွေကို မြင်ေယာင်မိပါတယ်။ အဲ့ဒီတုန်းကထနောင်းပင်တွေဟာ လမ်းဘေးမှာ ရောင်ပြန်ပြား ကပ်ထားသလို လမ်းနယ်နမိတ်ကိုသိသာစေပါတယ်။ အဖြူရောင် ကောက်ကောက်ကွေးကွေး ထနောင်းပင်တွေဟာ လျှပ်စီးလက်သလို ဒီပန်းချီကားမှာ ထနောင်းပင်လောက်ကောက်ကွေးတာမဟုတ်ပေမဲ့ ဖျက်ခနဲကားမီးထိုးလိုက်သလို အနီးဆုံးမှာ လင်းသွားသလို အဝေးဆုံးက အမှောင်ထဲ ကျန်နေခဲ့တယ်။ ပုံရိပ်ကို သေသေချာချာ ဖမ်းထားသလိုတော့ အလင်းရဲ့အငွေ့တွေက ဘေးမှာ ရောင်စုံအပိုင်းအစတွေ ဖြစ်ပြီးကျန်နေခဲ့တယ်။ မီးရောင်ရဲ့ ပြေးအားကို သစ်ကိုင်းတွေက အပိုင်းပိုင်းအစစ စိတ်မွှာလိုက်သလို ပါပဲ။ ပုံတူပဲရေးရေး၊ ရှူခင်းပဲရေးရေး လက်ရာမြောက်တဲ့ ပန်းချီကျော် ကိုသီးဟာ ဒီကားမှာ စိတ်ဝင်စားစရာ အရောင်ဖွဲ့စည်းမှုနှင့် အားပေးတဲ့ ပန်းချီဓားချက်တွေ ရောမွှေ ထားပါတယ်။ အနီးဆုံးနဲ့ အဝေးဆုံးကို ကိုယ့်ခံစားချက်နဲ့ ပေါင်းစပ်ပြီး ခံစားလို့ရပါတယ်။