
Myint San Myint: Two Burmese Kids
Acrylic On Canvas, size-36″×48″
Year Created-2013
ပန်းချီမြင့်စံမြင့်ဟာ သမာရိုးကျရေးဟန်မဟုတ်ပဲ ပိုးစာဘောင် ဆေးရိုက်တဲ့နည်းနဲ့ တွဲဖက်ပြီးတော့ ရေးတတ်ပါတယ်။ သူ့ပန်းချီကားတွေက အကြောင်းအရာအများစုဟာ နေ့စဥ်ဘဝမှာကြုံတွေ့နေရတဲ့ သာမန်လူတွေရဲ့ အကြောင်းဖြစ်ပါတယ်။ ရိုးစင်းနေတဲ့ ဘဝတွေကို ပိုးစာဘောင်ရိုက်ပြီးရေးတဲ့အခါ အဖန်တစ်လဲလဲ ဖြစ်ခြင်း(Repitation) ကို ရရှိပါတယ်။ သူတို့ရဲ့ ရုပ်တွေကိုလှေနအောင်လည်းမရေးပါဘူး၊ လွမ်းစရာဖြစ်အောင်လည်း မရေးပါဘူး မျဥ်းကြောင်းတွေ ြဖတ်သန်းပြီး ချုပ်ရိုးကြောင်းတွေလို ဖြစ်နေအောင် ရေးပြပါတယ်။ အဖန်တလဲလဲဖြစ်ချင်းတွေများလာတဲ့အခါ မျဥ်းကြောင်းတွေထပ်ပြီး အမှောင်တွေလည်း ဖြစ်လာပါတယ်။ ပိန်းပိတ်မှောင်သွားတဲ့ သဘောပေါ့။ ပါးကွက်ကြားနဲ့ကလေးနှစ်ယောက်က တကယ်ကို ချစ်စရာကောင်းတဲ့ရုပ်ကလေးတွေပါ။ သူတို့ရဲ့အပြုံးတွေကပဲ ဘဝရဲ့မျှော်လင့်ချက်ကို ပေးပါတယ်။ အဲ့ဒီပေးအပ်မှု့ကပဲ ပန်းချီကားကိုကြည့်ပြီ စိတ်သက်သာရာ ရစေပါတယ်။ အလွှာလွှာအထပ်ထပ်နင်းထားတဲ့ ပိုးစာဘောင်ရိုက်ချက်တွေဟာ ပင့်ကူအိမ်တွေလို နှောင်ဖွဲ့ထားသလိုပါပဲ။ အရှိတရားက အတိတ်နဲ့အနာဂတ်ကို ကူးလူးနေတယ်လို့ ထင်ရပါတယ်။ တွေးစရာ ငေးစရာ ဖြစ်တဲ့ ပန်းချီကားတစ်ချပ်ပါ။
မြန်မာပန်းချီမှတ်စုများ(၂၇)